WELCOME TO BLESSING POWAH FAMILY
Friday 23 December 2011
All visitor are thanks
Tuesday 20 December 2011
အရက်အဆိပ်ဖြစ်၍ အိန္ဒိယ တောင်ပိုင်းတွင် လူ များစွာသေဆုံး
အိန္ဒိယမှ ဆရာဝန်များ West Bangal မှ အရက်ဆိပ်သင့်သူများကို ကြိုးစားကယ်တင်နေရတဲ့အကြောင်း ယနေ့ ကမ္ဘာ့သတင်းတစ်ခုနဲ့
ကြော်ငြာသွားတာကိုတွေ့ရပါတယ် ။
အထက်ပါ West Banga lအရပ်မှအရက်ဆိပ်သင့်သူများပျားစွာဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ ကြာသပတေးနေ့မှ စ၍ လူ 169 ဦးတိတိသေဆုံးခဲ့ပြီးဖြစ်ပါတယ် ။
ထို့အပြင် 195 ဦးတိတိ ဆေးရုံမှာ ဆေးကုသမှု့ခံယူနေကြရပြီး ထိုသူများအားလုံး အပြင်းဖျားနေတယ်လို့သတင်းထောက်က တင်ပြထားပါတယ် ။
တောင်ပိုင်းပါဂနတ်စ် ခရိုင် ရှိ ရွာပေါင်း 12 ရွာမှာရှိတဲ့ ရွာသားများ အထက်ပါ အရက်အဆိပ်သင့်မှု့ကို ပြီးခဲ့တဲ့ကြာသပတေးနေ့ ညနေမှ အရက်သောက်အပြီး အဆိပ်သင့်ခဲ့ကြတယ်လို့ဆိုပါတယ် ။ထို့အတွက် တာဝန်အရှိဆုံး တရားခံ 13 ဦးကိုလည်းဖမ်းဆီးထားခဲ့ပြီးပြီလို့ ထုတ်ဖော်ပြောကြားသွားပါတယ် ။
သက်ဆိုင်ရာ အရာရှိများရဲ့ ရှင်းပြချက်ထဲမှာ ထိုလူနားများထဲမှ အဆိပ်သင့်သူ 20 ကျော်မှာ Antifreeze Methanol ဓာတုဗေဒ အဆိပ်များတွေ့ရှိရတယ်လို့ပြောကြားခဲ့ကြပါတယ် ။
BBC မှသတင်းထောက်ကတော့ ဆေးရုံရှိ လူနားများမှာ အများဆုံးဆင်းရဲသူများဖြစ်ပြီး ဆေးရုံရှိ ဆေးဝါးမလောက်ငှမှုကြောင့် အပြင်မှာဆေးဝါးဝယ်ယူနေရတဲ့အတွက် ညည်းတွားဝေဖန်နေကြတယ်လို့ သတင်းတင်ဆက်သွားခဲ့ပါတယ် ။
နိုင်ငံတကာအင်တာနက်စာမျက်နှာက ဝေဖန်သံများအနေနဲ့ အထက်ပါသတင်းအပေါ် ဘာကြောင့် အိန္ဒိယနိုင်ငံမှာ များပျားတဲ့ အရက်ဆိပ်သင့်မှု့တွေဖြစ်နေရသလဲဆိုတာကို အံသြ နေကြရတဲ့ဆိုတဲ့ အကြောင်း ယနေ့ ခေါင်းကြီးသတင်းတစ်ခုအဖြစ် ဧဒင်အဖွဲ့သားများကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ ။
ဘာသာပြန်
KOMYO
Ref : CNN ( Cable News Network )
        BBC Android news !
India doctors fight to save West Bengal alcohol victims
Dozens of people are still critically ill in hospital
Doctors in India's West Bengal state are battling to save the remaining victims of toxic alcohol poisoning that has now killed 169 people.
A total of 195 people are still being treated in hospital, most of them critically ill.
Residents of 12 villages in the South 24 Parganas district fell ill after drinking the alcohol on Tuesday night. Thirteen people have been arrested.
Officials said the antifreeze methanol had been found in at least 20 victims.
The BBC's Amitabha Bhattasali in Calcutta says there is a shortage of medicine in hospitals and many patients complained they were being asked to buy medicine from outside.
Most victims are poor villagers who are unable to afford it.
Views: 700
Wednesday 30 November 2011
ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသော ဇနီးကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့်ခင်ပွန်းအား ထောင်ဆယ်နှစ် ပြစ်ဒဏ်ချမှတ်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသည့် ဇနီးဖြစ်သူကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့် ခင်ပွန်းဖြစ်သူကို တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂.၁.၂၀၀၉ ရက်နေ့ သန်းခေါင်းကျော် ည ၁ နာရီခွဲ အချိန်က မာန်အောင်မြို့နယ် သစ်ပုံစု ကျေးရွာတွင် ဦးဂေါင်းပြောင် ၅၆ နှစ်၏ နေအိမ်၌ လွန်ခဲ့သော ခုနှစ်ရက်ခန့်က ပန်းသေရောဂါ ကုသရန် ရောက်ရှိနေသော မာန်အောင်မြို့နယ် ငရုပ်တောင် ကျေးရွာနေ လုပ်ယာ လုပ်ကိုင်စားသောက်သူ မောင်သန်းတင် ၃၇ နှစ်က ၄င်း၏  ဇနီးဖြစ်သူ မတင်ညွန့်(၃၄) နှစ်၏ ဆွဲကြိုးကို ငွေကျပ် တစ်သိန်းဖြင့် ပေါင်ခိုင်းခဲ့ရာ ဇနီးဖြစ်သူ မတင်ညွန့်က ငွေကျပ် ငါးသောင်းဖြင့်သာ ပေါင်ခဲ့၍ မကျေမနပ်ဖြစ်ကာ စကားများပြီး ဓါးဖြင့် ခုတ်ခဲ့ရာ မတင်ညွန့်၏ လည်ပင်း ယာဘက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။
အမှုစစ်စခန်းမှူး ရဲအုပ်သန်းအောင် နှင့် အဖွဲ့က လူသတ်မှု ကျူးလွန်သူအား လိုက်လံရှာဖွေ ဖမ်းဆီးစဉ် မာန်အောင်ရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ၀င်လွင်နှင့် အဖွဲ့တို့က ထပ်မံပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ ၂.၁၂.၂၀၀၉ နေ့ နံနက်တွင် တရားခံ ကို လက်ရ ဖမ်းဆီး မိခဲ့သည်။ လူသတ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းကိုပါ သိမ်းဆည်း နိုင်ခဲ့သဖြင့် အမှုစစ် စခန်းမှုး ရဲအုပ်သန်းအောင်က အမှုကို ခိုင်မာစွာ တည်ဆောက်လျက် ရဲစခန်း စွဲချက်အမှတ် ၁၁၃/၂၀၀၉ ပြစ်မှု ပုဒ်မအမှတ် ၃၀၂ ဖြင့် ၂၉.၁၂.၂၀၀၉ နေ့က ကျောက်ဖြူခရိုင် တရားရုံးသို့ တင်ပို့ခဲ့ရာ ၂၄.၈.၂၀၁၀ နေ့တွင် တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တရားခံ သန်းတင်အား ပြစ်မှုပုဒ်မအမှတ် ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
Tuesday 29 November 2011
အီရန် ဒုံးလက်နက်တပ်ဖွဲ့ စတင်တည်ထောင်ခဲ့သူ ၀ါရင့်ဗိုလ်ချုပ်တစ်ဦး ဗုံးပေါက်ကွဲမှုတွင် သေဆုံး
ခင်အောင် ဘာသာပြန်သည်။
 အီရန်နိုင်ငံ၏ လက်ရွေးစင် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော မတော်တဆ လက်နက် ပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့သူများတွင် အီရန် အမြောက်ကြီး များနှင့် ဒုံးလက်နက် တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ၀ါရင့် ဗိုလ်ချုပ်တစ်ဦး ပါဝင်သွားကြောင်း အဆိုပါတော်လှန်ရေးတပ်ဖွဲ့က တနင်္ဂ နွေနေ့တွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။
ဗိုလ်ချုပ် ဟတ်ဆန်မိုကတ်ဒမ်သည် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အတွက် လက်နက်ကြီးနှင့် ဒုံးလက်နက်များ ပြည်တွင်း၌ လုံလုံ လောက်လောက် ရရှိရေးအတွက် ထုတ်လုပ်မှု သုတေသန အစီအစဉ်ကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း ယင်းတပ်ဖွဲ့မဖွဲ့စည်းမီက ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ ဖြစ်ပွားခဲ့သော အီရန်-အီရတ်စစ်ပွဲများအတွင်း လက်နက်ကြီး ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်ခဲ့ကြောင်း တေရန်အရာရှိများမှ ရရှိသော သတင်းအချက်အလက်အရ သိရှိရသည်။
တေရန်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ဘစ်ဒ်ဂါနေးဒေသ တွင်ရှိသည့် စစ်အခြေခံစခန်းတစ်ခုကို ပွင့်ထွက်သွားစေသော အီရန်က မတော် တဆဖြစ်မှုလို့ပြောခဲ့သည့် စနေနေ့ ပေါက်ကွဲမှုကြောင့် အဆိုပါတော်လှန် ရေးအစောင့်တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၁၉၇၉ ခုနှစ် အစ္စလမ္မစ် တော်လှန် ရေးဖြစ်ပေါ်ခဲ့ပြီးနောက် တည်ထောင်ခဲ့သော တော်လှန်ရေးအစောင့်တပ်ဖွဲ့ သည် အီရန်၏ ဒုံးလက်နက်ထုတ်လုပ် ရေးအစီအစဉ်ကို ဦးစီးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့ ထုတ်လုပ်ခဲ့သော Shahab-3 ဒုံး လက်နက်သည် မိုင် ၁,၂၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး အစ္စရေးနိုင်ငံကို ထိမှန်နိုင်စွမ်းရှိကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရတ်က လူအများ သေကျေ ပျက်စီးခဲ့သော အဆိုပါလက်နက်ပေါက် ကွဲမှုဖြစ်ခဲ့ခြင်းအတွက် ၀မ်းသာအားရ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းပေါက် ကွဲမှုမျိုးများ ထပ်မံဖြစ်ပွားရန်မျှော်လင့် ကြောင်း ပြောကြားလိုက်သည်။
တိုင်း(မ်)မဂ္ဂဇင်းက မည်သူမည်ဝါဟု ခွဲခြားထုတ်ဖော်ခြင်းမရှိသော အနောက် တိုင်းထောက်လှမ်းရေး သတင်းအခြေခံ တစ်ရပ်ကို ကိုးကားပြီး အဆိုပါပေါက်ကွဲ မှုသည် အစ္စရေးထောက်လှမ်းရေး အေဂျင်စီ မော့ဆက်၏လက်ချက်ဖြစ် ကြောင်း နိုဝင်ဘာလ ၁၄ ရက်က ရေးသားလိုက်သည်။
စနေနေ့က ပေါက်ကွဲမှုမှာ ကုလသမဂ္ဂ ၏ နျူကလီးယားစောင့်ကြည့် လေ့လာရေးအဖွဲ့က တေရန်သည် တာလတ် ပစ်ဒုံးပျံများ၏ ထိပ်ဖူးတွင်တပ်ဆင်ရန် နျူကလီးယားလက်နက် ထိပ်ဖူးများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
ကဒါဖီ၏သား ဆေ့ဖ်ကိုဖမ်းမိပြီ
ကိုကို ဘာသာပြန်သည်။
သေဆုံးသွားပြီဖြစ်သော လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ၏သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေသော ဆေ့ဖ်အယ်လ်အစ္စလမ်ကို သုံးလကြာ အောင် လိုက်လံရှာဖွေနေခဲ့ရာမှ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် အဗ္ဗဒဲလ်ရာဟင်ဒယ်တစ်က နိုဝင်ဘာလ ၁၉ ရက်က ကြေညာသည်။
လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ဆေ့ဖ်နှင့် အပေါင်းအပါငါးဦးတို့ကို မော်တော်ယာဉ်နှစ်စီးပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
"သူတို့ကို အငိုက်ဖမ်းလိုက်မိတာပါ။ သူတို့ခုခံချိန် မရလိုက်ပါဘူး။ ပထမတော့ သူတို့ကို ပစ်မှာစိုးပုံရတယ်။ ဒါပေမယ့် ဆေ့ဖ်အယ်လ် အစ္စလမ်ရဲ့ သတ္တိနဲ့ တည်ငြိမ်မှုကိုတော့ ကျွန်တော်တို့ ၀န်ခံကြရမှာပါပဲ။ သူ တကယ့်ကို ကြောက်ပုံမရပါဘူး"ဟု သူတို့ကိုဖမ်းဆီးရမိသော ဇင်တန် ပြည်သူ့စစ်တပ်ဖွဲ့မှ အာမက် အမ္မာက ပြောပြသည်။
ဆေ့ဖ်နှင့် သူ့လူငါးဦးတို့တွင် ကာလက်ရှ်နီကော့ဖ် အပေါ့စားမောင်းပြန် ရိုင်ဖယ်နှင့် လက်ပစ်ဗုံးအချို့မှလွဲ၍ အခြား မည်သည့်လက်နက်မျှ မပါဝင်ကြပေ။
တစ်ချိန်က ကဒါဖီ၏ အရိုက်အရာကို ဆက်ခံမည့်သားဟု လူသိများ ခဲ့သော ဆေ့ဖ်အယ်လ်အစ္စလမ်နှင့် အပေါင်းအပါငါးဦးကို လစ်ဗျားနိုင်ငံ၏ ဝေးကွာလှမ်းသော ဆာဟာရသဲကန္တာရ တောင်ပိုင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်စောစောတွင် ဇင်တန်ပြည်သူ့စစ်များ အကွက် ဆင်ထားသော ထောင်ချောက်ထဲ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဇင်တန်ပြည်သူ့စစ်များသည် လစ်ဗျား ယာယီကြားဖြတ်အစိုးရသစ်ကို ထောက်ခံသူများဖြစ်သည်။ ထရီပိုလီမြို့တော်၏ အနောက် တောင်ဘက် မိုင် ၁၁၀ အကွာရှိ ဇင်တန် မြို့သို့ ဆေ့ဖ်ကို ခေါ်သွားစဉ် ဆေ့ဖ်က သူ့အားဖမ်းဆီးထားသူများအား သူ၏ ဦးခေါင်းကို သေနတ်နှင့်ပစ်သတ်ရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။
ကဒါဖီ ၏သားဖြစ်သူ ဆေ့ဖ်သည် ဖေဖော်ဝါရီ လအတွင်းကပင် နောက်ဆုံးကျည် တစ်တောင့်တည်း ကျန်သည်အထိ ခုခံသွားမည်ဟု ပြောခဲ့သူဖြစ်သည်။
ဆေ့ဖ်ကို ဇင်တန်မြို့ အကျဉ်းထောင် သို့ ခေါ်ဆောင်သွားစဉ် ဒေါသထွက် နေသော လူအုပ်ကြီးက သူ့အား ၀ိုင်းကြည့်နေကြသည်ကို ဗီဒီယိုရိုက်ကူးမှု၌ တွေ့မြင်ရသော်လည်း လွန်ခဲ့သောလအတွင်း သူ့ဖခင် ကဒါဖီအဖမ်းခံရ စဉ် လူတွေက ရက်ရက်စက်စက်ဝိုင်း၍ အမဲဖျက်ကြသည့် ရက်စက်မှုမျိုးကိုမူ ယခုတစ်ကြိမ်တွင် ခွင့်မပြုခဲ့ချေ။
လစ်ဗျားနိုင်ငံတောင်ပိုင်း နိုက်ဂျာ နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့နှင့် နယ်စပ် လမ်းကြောင်းများကို ပိတ်ဆို့ ရန်အတွက် သူ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို ဇင်တန် မြို့မှ စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်ဖွဲ့ခေါင်းဆောင် အမ္မာကပြောသည်။
ဒေသခံ တာဂူအန် မျိုးနွယ်စုများနှင့် ဇင်တန် တိုက်ခိုက်ရေးသမားများသည် နိုက်ဂျာနိုင်ငံသို့ ကားဖြင့်ထွက်ပြေးရန် ကြိုးစားသည့် ဆေ့ဖ်တို့လူစုကို ကြားဖြတ် ချုံခို ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်။ ဆေ့ဖ်အဖွဲ့ထဲမှ တစ်ဦးက သတင်းပေး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆေ့ဖ် အယ်လ်အစ္စလမ်ကို နိုဝင်ဘာလ ၁၉ ရက် ဒေသစံတော်ချိန် သန်းခေါင်ကျော် မနက် ၁ နာရီ ၃၀ မိနစ်တွင် လစ်ဗျား နိုင်ငံ တောင်ပိုင်း အော်ဘာရီအနီး ၀ါဒီ အယ်လ်-အဂျားလ် ခရိုင်ထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၁၉ ရက်နေ့ က လစ်ဗျား တီဗီချန်နယ်မှ ထုတ်လွှင့် ပြသရာတွင် ဆေ့ဖ်ကို မုတ်ဆိတ်မွေး ထူလပျစ်နှင့် ခုတင်တစ်ခုအစွန်းတွင် မှီထိုင်နေသည်။ ညာဘက်လက်မှ လက်ချောင်းလေး သုံးခုကို ပတ်တီး စည်းထားသည်။
သူ့ခြေထောက်များကို စောင်ခြုံထားသည်ကို တွေ့မြင်ကြရ သည်။ ဆေ့ဖ်၏ ဒဏ်ရာများမှာ နေတိုး လေကြောင်းမှ တိုက်ခိုက်ခံရစဉ် အတွင်း ရရှိခဲ့သော ဒဏ်ရာများဖြစ်သည်။
ကဒါဖီ ၏သားဖြစ်သူ ဆေ့ဖ်သည် ရည်ရည် မွန်မွန်နှင့် လူရည်ဝသူတစ်ဦးဖြစ်ပြီး ယခင်က ဆံမုတ်ဆိတ်များကို သန့်ရှင်း သပ်ရပ်စွာ အပြောင်ရိပ်ထားသူဖြစ်သည်။
သူ့ဖခင်အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ရှုမြင်ထားကြပြီး ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်မည့် ပညာတတ်တစ်ဦးအဖြစ် မျှော်လင့်ထား ခဲ့ကြသည်။
သို့သော် အာရပ်နွေဦး တော်လှန်ရေးများ ဖြစ်ပေါ်လာသောအခါ ဆန္ဒပြသူများကို ရက်ရက်စက်စက်နှိမ်နင်းခဲ့ရာတွင် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်ခဲ့သူ ဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီစီ)က ဇွန်လ ၂၇ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီ၊ သူ့သား ဆေ့ဖ်နှင့် ကဒါဖီ၏ ထောက်လှမ်းရေး အကြီးအကဲ အဗ္ဗဒူလာ အယ်ဆီနူဆီတို့ကို ဆန္ဒပြသူများအပေါ် နှိမ်နင်းရာတွင် လူသားများအပေါ်ကျူး လွန်သော ရာဇ၀တ်မှုဖြင့် စွဲချက်တင်ပြီး အလိုရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ ဖမ်းဆီးရမိထားသော ဆေ့ဖ်ကို ဥပဒေကြောင်းအရ တရားစွဲ ဆိုရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီစီ)နှင့် ပူးပေါင်း၍ တရားမျှတစွာ လုပ်ဆောင်ရန် အင်အားကြီးနိုင်ငံများက လစ်ဗျားကြားဖြတ် အင်န်တီစီ အစိုးရကို တိုက်တွန်းထားသည်။
အာဏာရှင် မိုမာကဒါဖီ၏ ထောက် လှမ်းရေးမှူး အဗ္ဗဒူလာဆီနျူဆီကိုလည်း နိုဝင်ဘာလ ၂၀ ရက်တွင် ဖမ်းဆီးရမိ ထားကြောင်း လစ်ဗျားအရာရှိများက ကြေညာသည်။
ကမ္ဘာ့နိုင်ငံများထံမှ ဖိအားပေးတောင်းဆို နေမှုများကို လျစ်လျူရှုကာ လစ်ဗျား ကြားဖြတ်အစိုးရ သည် ကဒါဖီ၏သား ဆေ့ဖ် အယ်လ်အစ္စလမ်ကို သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီစီ) လက်သို့မအပ်ဘဲ လစ်ဗျားနိုင်ငံအတွင်း၌သာ စစ်ဆေး အရးယူမည်ဟု ကြေညာထားသည်။
၃၉ နှစ်အရွယ် ဆေ့ဖ်ကို အိုင်စီစီက ဆန္ဒပြသမားများအပေါ် ရက်စက်စွာ ကိုင်တွယ်မှုကြောင့် လူသားအပေါ် ကျူးလွန်သော ရာဇ၀တ် မှုဖြင့် အလိုရှိ ကြောင်း ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားခဲ့သည်။
Sunday 27 November 2011
ဝီကီလိခ် မေးခွန်း ကို ဖြေဆိုနိုင် ၍ မယ်အမေရိက အဖြစ် မယ် နီဘရာစကာ ဆွတ်ခူး
ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ထရီဇာ စကာလန် က ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်
ထရီဇာ ဆုရရှိခြင်းဟာ ဟာ အမေရိကန် အလယ်ပိုင်းက နီဘရာစကား ပြ
ည်နယ်ကိုယ်စားပြု
ပြီး ပထမ ဦးဆုံး အကြိမ် ဆုရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မယ်အမေရိက ကို ၁၉၂၁ ခုနှစ် ကတည်းက ကျင်းပ ခဲ့တာ ဖြစ်ပြီးအခု ဆိုရင် အကြိမ် ၉၀ မြောက် ရှိ
ပြီ ဖြစ်ပါတယ်။ မယ်အမေရိက ပြိုင်ပွဲ ကို ဒီနှစ်မှာ နီဗားဒါး ပြည်နယ် လာစ်ဗီဂတ်(စ) က Planet
Hollywood Casino Resort မှာ  ကျင်းပတာ ဖြစ်ပါတယ်။
မယ်အမေရိက ဆုရှင် ထရီဇာ ဟာ စန္ဒယား ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သလို၊ဘဲလေး အက ၊ရေခဲ
ပြင် လျှောစီး အက တွေကိုလည်း ကျွမ်းကျင် သူ တစ်ယောက် ဖြစ်ပါတယ်။ မယ်အမေရိက ဆုရှင်
ဟာ ခရိုအေးရှား နွယ်ဖွား အမေရိကန် သူ တစ်ယောက် လည်း ဖြစ်ပါတယ်။
MISS OKLAHOMA
မယ်အမေရိက အဖြစ် ဆု ပေးအပ်ဖို့ အတွက် မယ်နီဘရာစကာ ကို ၀ီကီလိခ် နဲ့ ပတ်သက်ပြီး မေးမြန်း
ရာမှာ တော့ သူမက ” ဒါဟာ တကယ်ကို့ ပဲ သူလျှို လုပ်ငန်း ကို အခြေခံတာပါ။ နိုင်ငံရဲ့ လုံခြုံရေးကို
တွေ သိဖို့ ပဲ ဖြစ်သင့်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထရီဇာ စကာလန် ဟာ ပညာသင်ဆု ဒေါ်လာ ငါးသောင်းရရှိမှာ မှဖြစ်ပြီး အခြား ကုမ္ပဏီ ကပေး တဲ့
ဆုတွေ လည်းရရှိမှာ ဖြစ်ပါတယ်။
ကလင်တန် : စီးပွားရေး ပိတ်ဆို့ မှု ရုပ်သိမ်း ပေးအုံးမည် မဟုတ်
burma_hillary_clinton_obama_2011_11_23
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အနေဖြင့်
မြန်မာ နိုင်ငံ သို့ လာရောက်ပတ် မည် ဟု ဆိုသော် လည်း အမေရိကန် က အရေးယူ ဒဏ်ခတ်
ထား သည့် စီးပွားရေး ပိတ်ဆို့  မှု ကို ပြန်လည် ဖယ်ရှား ရေး မှာ သူ့  ခရီး စဉ် တွင် မပါဝင် ဟု
ယနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်း ပွဲ တွင် သတင်း ထောက် များ ကို ပြောကြား လိုက်သည်။
အိမ်ဖြူတော် ပြောခွင့် ရ ပုဂ္ဂိုလ် က ဟီလာရီ ကလင်တန် ၏ မြန်မာ ပြည် ခရီး စဉ် နှင့် ပတ် သက်
ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ တွင် မြန်မာ အစိုးရ အနေဖြင့် စီးပွားရေး ပိတ် ဆို့  မှု ရုပ်သိမ်း
ရန် အလို့ ငှာ လူ့  အခွင့် အရေး အခြေ အနေ များ ယခု ထက် ပိုမို ကောင်း မွန် ရန် လို အပ် သည်
ဟု  ထည့်သွင်း သတိပေး  ပြောကြား ခဲ့ သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ကလင်တန် ၏ ခရီး စဉ် ကို ကြို ဆို သည် ဟု ဘာ
လီ တွင် မြန်မာ သတင်း ထောက်များ ကို မပြော ဘဲ နိုင်ငံခြား သတင်း ထောက် များ ကို ပြော
ကြား ခဲ့ သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ၏ ခရီးစဉ် သည် နှစ် ၅၀ အတွင်း အမေ
ရိကန် အစိုးရ အဖွဲ့  အတွင်း မှ ပထမ ဦးဆုံး သော အဆင့် မြင့် ခေါင်းဆောင် တစ်ဦး ၏ ခရီးစဉ်
ဖြစ်သည်။
ဝန်ကြီး ကလင်တန် မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် ချိန် တွင် တရုတ် – မြန်မာ နယ်စပ်ဉ်
လုံခြုံရေး တိုးမြှင့် ချထား မည် ဖြစ်ပြီး ရန်ကုန် မြို့  ရှိ တရုတ် လူမျိုး နေအိမ် များ ကို လည်း စောင့်
ကြည့် မှု များ ပြု ရန် အထက် က ညွှန်ကြား ထား ကြောင်း လသာ မြို့ နယ် ရဲစခန်း မှာ တာဝန် ကျ
ဒုရဲ အုပ် တစ်ဦး က FNG သို့  ပြောသည်။
အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန် ၏ ဇနီး ဖြစ် သူ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီ
လာရီ ကလင်တန် မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် လည်း တွေ့ 
ဆုံ မည် ဖြစ်သည်။
ခင်ပွန်း ကို သတ်ပြီး၊ ချက်စား ရန် စီစဉ် သည့် ပါကစ္စတန် အမျိုးသမီး ရဲက ဖမ်းဆီးရမိ
pak         ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါး
များ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ က
ဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN  ရုပ်သံ
သတင်းတွင်ထုတ် လွှင့် သွား သည်။
အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇
နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစီ  သောကြောင့်
သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။
သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေ
ချိန် ရောက် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲ
များ ကို အစစ်ခံသည်။
သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်း
ဆီးထား သည် ဟု သိရသည်။
သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်
အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်း
ဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။
ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများ
ထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသား
တုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။
ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။
ခင်ပွန်း ကို သတ်ပြီး ချက် စား သူ ဇိနတ်ဘီဘီ
Follow
Wednesday 23 November 2011
လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်
ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက်ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။
၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း
ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီတူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။
၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း
ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။
၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း
တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ လေဖြတ်နိုင်ခြေကို ၂၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ UCLA လေ့လာမှုတွေက ဆိုပါတယ်။
၎။ သွားဖုံး ကျန်းမာစေခြင်း
အမျိုးသား ၉၄၀ ဦးကို လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည် ပိုသောက်ဖြစ်လေလေ၊ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ ပိုလျော့နည်းလေလေဖြစ်ကြောင်း သိရပါတယ်။
Ref : Good Health
Tuesday 22 November 2011
လူကြီးတစ်ယောက်ရှိသင့်သည့် ကိုယ်အလေးချိန်ဇယား
အရပ်
ပေ/လက်မ
လက်မ
အနည်းဆုံး
ပေါင်
အများဆုံး
ပေါင်
၎' ၈" ၅၆" ၈၉ ၁၁၂
၎' ၉" ၅၇" ၉၂ ၁၁၆
၎' ၁၀" ၅၈" ၉၆ ၁၂၀
၎' ၁၁" ၅၉" ၉၉ ၁၂၄
၅' ၀" ၆၀" ၁၀၂ ၁၂၈
၅' ၁" ၆၁" ၁၀၆ ၁၃၂
၅' ၂" ၆၂" ၁၀၉ ၁၃၇
၅' ၃" ၆၃" ၁၁၃ ၁၄၁
၅' ၄" ၆၄" ၁၁၇ ၁၄၆
၅' ၅" ၆၅" ၁၂၀ ၁၅၀
၅' ၆" ၆၆" ၁၂၄ ၁၅၅
၅' ၇" ၆၇" ၁၂၈ ၁၆၀
၅' ၈" ၆၈" ၁၃၂ ၁၆၄
၅' ၉" ၆၉" ၁၃၅ ၁၆၉
၅' ၁၀" ၇၀" ၁၃၉ ၁၇၄
၅' ၁၁" ၇၁" ၁၄၃ ၁၇၉
၆' ၀" ၇၂" ၁၄၇ ၁၈၄
၆' ၁" ၇၃" ၁၅၂ ၁၈၉
၆' ၂" ၇၄" ၁၅၆ ၁၉၅
၆' ၃" ၇၅" ၁၆၀ ၂၀၀
၆' ၄" ၇၆" ၁၆၄ ၂၀၅
၆' ၅" ၇၇" ၁၆၉ ၂၁၁
၆' ၆" ၇၈" ၁၇၃ ၂၁၆
၆' ၇" ၇၉" ၁၇၈ ၂၂၂
Copyright © 2009 MyanmarNewsZone.com.
Monday 21 November 2011
၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပမြန်မာဘောလုံး အသင်းဆီမီးဖိုင်နယ်
၂၆ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ၁၁-၁၁-၂ဝ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့ရှိ ဂျီလိုရာခဝရီဝီလျာကွင်းကြီး၌ ကျင်းပခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းကုန်ကျခဲ့ပြီး အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၁၂ဝဝဝ ကျော်လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု (ခ) တွင် လေးပွဲကစားပြီး တစ်ပွဲသရေ သုံးပွဲအနိုင် ရမှတ် ၁ဝ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ အုပ်စုထိပ်ဆုံး၌ ရပ်တည်နေသည့် ဗီယက်နမ်ဘောလုံးအသင်းသည် မြန်မာဘောလုံးအသင်းနှင့် အမှတ်တူ ဂိုးနှစ်ဂိုးကွာခြားသည့်အတွက် နောက်ဆုံးပွဲစဉ်ကို မြန်မာအသင်းဂိုးအများဖြင့် နိုင်မှသာ အုပ်စုဗိုလ်အဖြစ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အင်ဒိုသမ္မတယူဒိုယိုနို ရေးစပ်ထားသည့် " Together We Can Give '' သီချင်းဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
Good Health ဂျာနယ် အာရောဂျံ မဂ္ဂဇင်း သုတစွယ်စုံ မဂ္ဂဇင်း The Chic မဂ္ဂဇင်း သတင်းများ ပြည်တွင်းသတင်း နိုင်ငံတကာ သတင်း ထူးဆန်းထွေလာ သတင်း ကျန်းမာရေးသတင်း ရုပ်ရှင် သတင်း အားကစား သတင်း ဂီတ သတင်း စာပေ သတင်း စွယ်စုံ မီဒီယာ သတင်း Myanmar Font တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းလိုင်း သန်း ၃ဝ စီမံကိန်းတွင် ပထမနှစ် လေးသန်း စီမံကိန်းအဖြစ် တန်ဖိုးနည်းဖုန်းများကို ကျပ်သုံးသိန်းထက် မများဘဲ ၂ဝ၁၂ ဖေဖော်ဝါရီတွင် စတင်ချထား ပေးနိုင်မည်ဖြစ်ကြောင်း ၉-၁၁-၂ဝ၁၁ ရက်က သိရသည်။ အဆိုပါ တန်ဖိုးနည်း ဖုန်းများကို စတင်ချထားပေးနိုင်ရန် ယခုအခါ မြန်မာတစ်နိုင်ငံလုံးရှိပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ဆက်သွယ်ရေး တာဝါတိုင်နှင့် အင်တာနက်အသုံးပြုနိုင်သွောအေနတပေ ကြီးများကို ပုဂ္ဂလိက ကုမ္ပဏီ ၁၁ခုဖြင့် ပူးပေါင်းတည်ဆောက်လျက်ရှိသည်။''ပထမတော့ စီမံကိန်းကို ဒီနှစ် ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလမှာ ချထားပေးဖို့ စီစဉ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်ရေး တာဝါတိုင်တွေ တိုးချဲ့တပ်ဆင်တာ ပြီးစီးမှုမရှိသေးလို့ အဲဒီလတွေ မှာမချပေးနိုင်တော့ပါဘူး။ ဖေဖော်ဝါရီလ လောက်မှပဲ ချထားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အတတ်နိုင်ဆုံး လုပ်ငန်းတွေပြီးစီးအောင်တော့ဆောင်ရွက်နေပါတယ်'' ဟု ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောသည်။
ထိုကဲ့သို့ချထားပေးရန် အချိန်ကြာမြင့်သွားခြင်းမှာ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်းတွင် အင်တာနက်စနစ်နှင့် အခြား စနစ်များကိုပါ တစ်ပါတည်း အသုံးပြုခွင့်ပေးမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ကြာမြင့်သွားခြင်းဖြစ်ကြောင်း၊ အသုံးပြုခွင့်ပေးမည့်တန်ဖိုးနည်းဖုန်းများ၏ အဝင်ခေါ်ဆိုမှုများကိုလည်း အခြားကျပ် ငါးသိန်းဖုန်းများနည်းတူ ပေးဆောင်စရာမလိုပဲ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။''စတင်ချထားပေးရင်တော့ တစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမှာပါ။ အခုအချိန်မှာ တန်ဖိုးအနေနဲ့အတိအကျ မတွက်ချက်ရသေးပေမယ့် ကျပ်သုံးသိန်း ထက်တော့ မများနိုင်ပါဘူး။ အပြင်မှာ ပြောနေကြတဲ့ ကျပ်နှစ်သိန်းရှစ်သောင်းနဲ့ နှစ်သိန်းခွဲဆိုတာတော့ ကောလဟာလတွေပါ။ အမှန်တော့ လုပ်ငန်းအားလုံးပြီးမှ ကုန်ကျစရိတ်တွေ တွက်ချက်ပြီး ဈေးနှုန်းအသက်သာဆုံး ဖြစ်အောင် ချထားပေးသွားမှာပါ" ဟုအထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ ထိုတန်ဖိုးနည်းဖုန်းများကို ဆက်သွယ်ရေးခက်ခဲသော နယ်ဒေသကြီးများ တွင်လည်း 3G Network စနစ်ဖြင့်လည်းကောင်း၊ မြို့ကြီးများတွင်လည်း 3G စနစ် နှင့် WCDMA Network စနစ်များဖြင့် လည်းကောင်း အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း၃ဝ တိုးချဲ့ရေး စီမံကိန်းကို ငါးနှစ်ကာလသတ်မှတ်၍ ချထားပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်လေးသန်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ခန့် အထိချထား ပေးထားမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဂျီအက်စ်အမ်ဖုန်းများကို လိုင်းသန်း ၃ဝ စီမံကိန်းအဖြစ် အဓိကချထားပေးခြင်းမှာ နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုနိုင်ရန်အတွက် ဖြစ်ကြောင်းယင်းကပြောသည်။
Go Previous Page
Share
Copyright © 2010 Swesone Media Group . All Rights Reserved. Developed by MWP ( myanmar web professional ).
ပဉ္စမမြောက် ရင်ချင်းအသည်းချင်းဆက် အမြွှာညီအစ်မ ခွဲစိတ်မှု အောင်မြင်ပြန်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လောင်းလုံဆေးရုံတွင် မွေးဖွားခဲ့သော ရင်ချင်း၊ အသည်းချင်းဆက်အမြွှာညီအစ်မကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် ကလေးဆေးရုံကြီး တွင် ၉-၁၁-၂ဝ၁၁ ရက်ကအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်မှုကို နံနက် ၇နာရီကစတင်ရာ ၁၁ နာရီခွဲခန့်တွင် ခွဲစိတ်မှုအားလုံး ပြီးစီးသွားခဲ့ကြောင်း၊ခွဲစိတ်မှုတွင် ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးသုံးဦးနှင့် အခြားခွဲစိတ်ဆရာဝန်ကြီးများပါဝင်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်ပြီးနောက် ကလေးများ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဆက်တိုက်ကောင်းမွန်နေပါက ခွဲစိတ်သည့်နေ့မှစ၍ သုံးလခန့်ကြာလျှင် မိဘများအနေဖြင့် မိမိနေရပ်ကို ပြန်ခေါ်နိုင်ကြောင်း သိရသည်။ ရင်ချင်း၊အသည်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးအမည်များမှာ အင်ကြင်းခိုင်နှင့်အင်ကြင်းလှိုင်ဖြစ်ပြီး ၂၅-၁-၂ဝဝ၉ ရက်တွင် ထားဝယ်မြို့ လောင်းလုံဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Full Fandub Movie~The Princess and the Frog~Part 1
Puss in Boots (2011) NEW Official Long Trailer - HD
Tuesday 8 November 2011
ဖိလစ်ပိုင် တွင် ပနားမား ကုန်တင်သင်္ဘော တိမ်းမှောက်
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အိုင်လိုကို့စ် ပြည်နယ် အနီးမှာ ပြီးခဲ့တဲ့ သောကြာနေ့ ညက ပနားမား ကုန်တင် သင်္ဘော တစ်စီး တိမ်းမှောက် သွားခဲ့ပြီး လူ(၂၀)ဦး
ပျောက်ဆုံးလျက် ရှိတယ်လို့ သိရပါသည်။ အဆိုပါ သင်္ဘော တိမ်းမှောက် မှုကို ဟောင်ကောင် ရေကြောင်း ကယ်ဆယ်ရေး စင်တာက အရင်ဆုံး သိရှိခဲ့ပြီးနောက် ဖိလစ်ပိုင် ကမ်းခြေေ စာင့် တပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာ
ဖြစ်ပါသည်။
အဲဒီ ကုန်တင် သင်္ဘောဟာ ရှန်ဟိုင်း ဆိပ်ကမ်းကနေ ထွက်ခွါလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဇမ်ဘာလီ ပြည်နယ်ရှိ ဆူဘစ် ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်း နေခဲ့တာ ဖြစ်ပါသည်။ ဒီသင်္ဘောဟာ ပုဂ္ဂလိက တစ်ဦးတည်းပိုင် ဒါမှမဟုတ်၊ အဖွဲ့အစည်းပိုင်လား ဆိုတာကိုတော့ မသိ ရသေးပါဘူး။ သင်္ဘော နစ်မြုပ်ရာ နေရာကို ရဟတ်ယာဉ်(၂)စီး ၊ ရှာဖွေရေး သင်္ဘော(၁)စီး နဲ့အတူ ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ပေး ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောကြားခဲ့ ပါသည်။ အခုအခါ သင်္ဘောတိမ်း မှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ဆက်လက် ရှာဖွေလျက် ရှိတယ်လို့ သိရှိရပါသည်။
မိုက်ကယ်ဂျက်ဆင် သေဆုံးမှုတွင် ဆရာဝန်ဖြစ်သူ အပြစ်ရှိကြောင်း ဆုံးဖြတ်
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့ရသည့် ကမ္ဘာသိ အဆိုရှင် မိုက်ကယ်ဂျက်ဆင်၏ အမှုနှင့်ပတ်သက်ပြီး အမေရိကန်ရှိ တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်ကာ ၎င်း၏ ဆရာဝန်ဖြစ်သူ ကွန်းနာဒ်မူရေးအား အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ စုစုပေါင်း ဂျူရီ လူကြီး ၁၂ ဦး ပါဝင်သည့် အဖွဲ့မှာ လွန်ခဲ့သည့် တနင်္လာနေ့က လော့စ်အိန်ဂျယ်လိတရားရုံးတွင်
ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
မူရေးမှာ မိုက်ကယ်ဂျက်ဆင်၏ သေဆုံးမှုတွင် ခွဲစိပ်မှုတွင် သုံးသည့် အိပ်ဆေး တစ်မျိုးအား သေစေနိုင်သည့်
ဆေးအချိန် ပမာဏကို ထိုးပေးခဲ့ခြင်းဖြင့် သေဆုံးစေခဲ့ရခြင်း ဖြစ်သည်ဟု ဆုံးဖြတ် လိုက်ခြင်းပင် ဖြစ်သည်။ မူရေးမှာ ယခုလို ဆုံးဖြတ်ချက် နှင့်အတူ တရားရုံးအတွင်းတွင် အထိမ်းအသိမ်း ခံထားရပြီး လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့ မတိုင်မီ အပြီးသတ် ပြစ်ဒဏ် မချမှတ်မီ ကာလအထိ အာမခံမရဘဲ အချုပ်တွင်သာ နေထိုင်ရမည် ဖြစ်သည်။ ယခုလို ဆုံးဖြတ်ချက်နှင့်အတူ မူရေးအနေဖြင့် ထောင်ဒဏ် လေးနှစ်
အထိ ကျခံရနိုင်ပြီး ဆရာဝန်လက်မှတ်လည်း အသိမ်းခံရမည် ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ကပင် စတင်ခဲ့သည့် တရား ရင်ဆိုင်ရမှုများတွင် တရားလို သက်သေနှင့် တရားခံဘက်မှ သက်သေပေါင်း ၄၉ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မူရေးမှ မည်သည့် ဝေဖန်ချက်မှ ပေးခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
Friday 4 November 2011
karen newyears song
OpenDrive audio player
opendrive
Sunday 9 October 2011
ဧရာမမြွေကြီးတစ်ကောင် သတ်ဖြတ်ပြီးနောက် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း
ကချင်ပြည်နယ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်း တွင် ဧရာမမြွေကြီး တစ်ကောင်အား တရုတ်အလုပ် သမားများ သတ်ဖြတ် ခဲ့ပြီးနောက် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန် သတင်း ထွက်ပေါ်လာသည်။
၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ် ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ မြေအောက်တွင်း တစ်ခုမှာတွေ့ရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်များ ပြောသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့် ထိုးသတ် လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင် များပြောပါသည်။
CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင် သွားကြောင်း ဒေသခံများ ပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ မြွေကြီး သတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံ ကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀) တွင် “ပြည်သူအများစု အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းအား ၎င်းတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားရန်” လွှတ်တော်သို့ သမ္မတ ဦးသိန်းစိန်ပြောဆိုလာသည်။
Saturday 8 October 2011
ဧ၀ရတ်တောင်သွား ခရီးသည်လေယာဉ် ပျက်ကျ၊ ၁၉ ဦးေ
နီပေါနိုင်ငံအတွင်းမှာရှိတဲ့ ဧ၀ရတ်တောင်ကြည့်ဖို့ ကမ္ဘာလှည့် ခရီးသည်တွေ တင်လာတဲ့ လေယာဉ် ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ် ပါလာသူ ၁၉ ယောက်စလုံး သေဆုံးသွားတယ်လို့ နီပေါ လေကြောင်းဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
တနင်္ဂနွေနေ့က အဲဒီလေယာဉ် ပျက်ကျတဲ့ အချိန်မှာ ခရီးသည်တယောက် အသက်ရှင် ကျန်နေခဲ့ပေမဲ့လည်း နောက်ပိုင်း ဆေးရုံရောက်ပြီးနောက်မှာ သေဆုံးသွားခဲ့ပါတယ်။
ဗုဒ္ဓလေကြောင်းလိုင်းပိုင် အဲဒီ လေယာဉ်ပေါ် ပါလာသူ ခရီးသည်တွေထဲ အိန္ဒိယနိုင်ငံသား ၁၀ ယောက်၊ အမေရိကန် ၂ ယောက်၊ ဂျပန်တယောက်နဲ့ နီပေါ ၃ ယောက်တို့အပြင် နီပေါနိုင်ငံသား လေယာဉ်ဝန်ထမ်း ၃ ယောက်တို့ လိုက်ပါသွားခဲ့ကြတာပါ။
မြို့တော် ခတ္တမန္ဒူနဲ့ ကီလိုမီတာ အနည်းငယ်အကွာ မြူတွေ ထူထပ်တဲ့နေရာမှာ အဲဒီလေယာဉ် ပျက်ကျသွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေကို ဧ၀ရတ်တောင် အပါအ၀င် အဲဒီပတ်ဝန်းကျင်က တခြား မြင့်တဲ့တောင်တွေကို လေယာဉ်နဲ့ လိုက်လံပြသပြီး ခတ္တမန္ဒူမြို့ကို ပြန်အလာမှာ ပျက်ကျသွားခဲ့တာလို့ ဆိုပါတယ်။
နီပေါနိုင်ငံက ဧ၀ရတ်တောင်နဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်တန်းတွေမှာ ပါဝင်တဲ့ တခြားတောင်တွေကို အခုလို လေယာဉ်နဲ့ လိုက်ပြတဲ့ အစီအစဉ်ဟာ ကမ္ဘာလှည့် ခရီးတွေ ကြိုက်နှစ်သက်ကြတဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်
Friday 7 October 2011
အဝေးထိန်းခလုတ်ဖြင့် လေထဲတွင်မှတ်တမ်းတင်နိုင်သော Video Camera
တရုတ်နိုင်ငံမှ လူတစ်ဦးဟာ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုမှာ ဗီဒီယို ကင်မရာကို အဝေးထိန်းချူပ်မှု့စနစ်ဖြင့် အပေါ်သို့ ပျံတက်နိုင်အောင် တီထွင်ပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ Wuhan ဒေသမှာနေတဲ့ Lao Wu ဟာ မင်္ဂလာပွဲမှာ ထိုကဲ့သို့ အဝေးထိန်းစနစ်ဖြင့် မိုးပျံကင်မရာကို တရုတ်ယွမ်ငွေ ၃ သောင်း ခန့်အကုန်ခံပြီး တီထွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုမိုးပျံ ကင်မရာ ယာဉ်ငယ်ကို UFO လို့နာမည်ပေးထားပြီး ထိုယာဉ်ငယ်မှာ မြေပေါ်သို့ဆင်းသက်နိုင်ရန်အတွက်လည်း ခြေထောက် (ဒေါက်)လေးခြောင်းပါရှိပါတယ်။ အသက် ၂ဝ ကျော်ရှိပြီဖြစ်တဲ့ Lao Wu ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အင်တာနက်ထဲမှာ နိုင်ငံခြားမှ ပန်းကန်ပြားပျံများကို တီထွင်ပြုလုပ်တောမယ်ဆိုတဲ့ အကြောင်းကို ဖတ်ပြီးကတည်းက ထိုကဲ့သိုပြုလုပ်ရန် အိုင်ဒီယာ ရခဲ့ခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။ ပထမတော့ ရိုက်ကူးရရှိတဲ့ ဗီဒီယို ဟာတုန်ပြီးကြည့်မကောင်းပါဘူး နောက်ပိုင်းမှာတော့ ရှော့ဘာ ကိုထည့်ပြီးအသုံးပြုမှ အဆင်ပြေသွားခြင်းဖြစ်ပါတယ်။ ထို ပျံသန်းပြီး ဗီဒီယို ရိုက်ကူးနိုင်တဲ့ ယာဉ်ငယ်ဟာ အလွန်ကိုအဆင်ပြေပြီး မိမိ လိုခြင်တဲ့ ဒေါင့်ပေါင်းစုံက နေ လိုသလို အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ်ပြီး လိုသလိုပြုလုပ်နိုင်ပါတယ်။ ကြိုးမဲ့ မော်နီတာကိုလည်း လက်မှာ ကိုင်ထားပြီး ကြည့်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
copy by multavitarmin 
ကမ္ဘာ့အသေးဆုံးကားတစ်မျိုး ထွက်ပေါ်လာဦးမည်
Gordon murry design company ကလာမည့်နှစ် အနည်းငယ်အတွင်း ဈေးကွက်အတွင်း စတင်ရောင်းချတော့မည့် T.25 ဟုအမည်တွင်သည့် ကား၏ အချက်အလက်အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်လိုက်သည်.။
တစ်နိုင်ရီလျှင် မိုင် ၉၀ အမြင့်ဆုံး သွားနိုင်သော T.25 ၏ ကိုထည်ကို စွန့် ပလက်စတစ် ပစည်းများ အသုံးပြုထုတ်လုပ်ထားပြီး ကားအ၇ွယ်အစားမှာ ၂၅ ကုဗေဖြစ်ကာ အရှည် ၉၄.၅ လက်မ၊ အကျယ် ၅၁.၂ လက်မဖြစ်သည်။
T.25 ကို မည်သည့်နေ၇ာတွင် ရောင်းချမည်ဟုမသိသေးသော်လည်း အာရှနှင့် ဥရောပ ဈေးကွက်များအတွက်ဖြစ်ဖို့ များသည် ဟုဆိုသည် လက်ရှိအသုံးပြုနေသော ကမ္ဘာ့ အသေးငယ်ဆုံးကား ၁၀မျိုးခန့် ရှိပြီး အများစုမှာလျှက်စစ်စွမ်းအင်သုံးကားများဖြစ်ကြသည်.။ယင်းတို့အနက် အချို့မှာ ဈေးနှုန်းလွန်စွာမြင့်မားသည့်အပြင် အမေ၇ိကန်နှင့် ဥေ၇ာပ၇ှိ သတ်မှတ် နိုင်ငံများတွင်သာ ဝယ်ယူ၇၇ှိနိုင်သည်.။
FRIDAY, 7 OCTOBER 2011
ခင်ပွန်း​အား​ သတ်ဖြတ်စား​သောက်ခဲ့​သည့်​ အမျိုး​သမီး​၏ ​လျှော့​ရက်​လျှောက်ထား​မှုအား​ တရား​ရုံး​ကငြင်း​ဆန်
ခင်ပွန်း ​ဖြစ်သူအား​ သတ်ဖြတ်စား​သောက်မှုဖြင့်​ ​ထောင်ကျ​နေ​သော အမျိုး​သမီး​အတွက် ​လျှော့​ရက် ​လျှောက်ထား​ခွင့်​ကို တရား​ရုံး​က ငြင်း​ ဆန်လိုက်သည်။အ​မေရိကန်နိုင်ငံ၊​ ကယ်လီဖိုး​နီး​ယား​တွင် ​နေထိုင်​သော အိုမိုင်မာ နယ်လဆင်သည် ၁၉၉၁ ခုနှစ်က ပူပူ​နွေးနွေး ခင်ပွန်း​သည်ကို သတ်ဖြတ်ကာ ခုတ်ထစ်လှီး​ဖြတ်ပြီး​ ချက်ပြုတ် စား​သောက်ခဲ့​သူ ဖြစ်သည်။ သူမအား​ ​ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ထား​ပြီး​ ယခုအခါ လွတ်ငြိမ်း​ချမ်း​သာခွင့်​အတွက် အဆိုပြု ​တောင်း​ခံမှုကို ကယ်လီဖိုး​နီယား​ အမျိုး​သမီး​ အကျဉ်းထောင်တွင် ၅ နာရီခွဲကြာ ​ဆွေး​နွေး​ပြီး​နောက် ပယ်ချလိုက်ခြင်း​ဖြစ်သည်။
ထိုအချိန်က ၂၃ နှစ်သာ ရှိ​သေး​သော နယ်လဆင်သည် ယခုအခါ အသက် ၄၃ နှစ် ရှိ​နေပြီဖြစ်သည်။ သူမက ယခုအခါ လူသစ်၊​ စိတ်သစ် ​ပြောင်း​လဲခဲ့​ပြီ ဖြစ်​သော​ကြောင့်​ ​လျှော့​ပေါ့​ပြစ်ဒဏ်အတွက် စဉ်း​စား​ပေး​သင့်​ကြောင်း​ ​တောင်း​ဆိုခဲ့​သော်လည်း​ ငြင်း​ပယ်ခြင်း​ ခံခဲ့​ရသည်။
စစ်​ဆေး​သော ​ကော်မရှင်အဖွဲ့​က အီဂျစ်နွယ်ဖွား​ ​မော်ဒယ်​ဟောင်း​ နယ်လဆင်၏ ​တောင်း​ဆိုမှုမှာ လက်ခံနိုင်​ လောက်​အောင် မခိုင်လုံ​ကြောင်း​ ဆုံး​ဖြတ်ကာ ပယ်ချခဲ့​ခြင်း​ဖြစ်သည်။ အထူး​သဖြင့်​ နယ်လဆင်သည် အကျဉ်းထောင် ပြင်ပတွင် လူ့​ ဘောင်အဖွဲ့​အစည်း​အတွက် အန္တရာယ် ​ပေး​နိုင်​ခြေရှိ​ကြောင်း​ ဆုံး​ဖြတ်ကာ ယခုလို ငြင်း​ဆန်ခဲ့​ခြင်း​ဟု သိရှိရသည်။