ဝီကီလိခ် မေးခွန်း ကို ဖြေဆိုနိုင် ၍ မယ်အမေရိက အဖြစ် မယ် နီဘရာစကာ ဆွတ်ခူး
ထရီဇာ ဆုရရှိခြင်းဟာ ဟာ အမေရိကန် အလယ်ပိုင်းက နီဘရာစကား ပြ
ည်နယ်ကိုယ်စားပြု
ပြီး ပထမ ဦးဆုံး အကြိမ် ဆုရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မယ်အမေရိက ကို ၁၉၂၁ ခုနှစ် ကတည်းက ကျင်းပ ခဲ့တာ ဖြစ်ပြီးအခု ဆိုရင် အကြိမ် ၉၀ မြောက် ရှိ
ပြီ ဖြစ်ပါတယ်။ မယ်အမေရိက ပြိုင်ပွဲ ကို ဒီနှစ်မှာ နီဗားဒါး ပြည်နယ် လာစ်ဗီဂတ်(စ) က Planet
Hollywood Casino Resort မှာ ကျင်းပတာ ဖြစ်ပါတယ်။

မယ်အမေရိက ဆုရှင် ထရီဇာ ဟာ စန္ဒယား ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သလို၊ဘဲလေး အက ၊ရေခဲ
ပြင် လျှောစီး အက တွေကိုလည်း ကျွမ်းကျင် သူ တစ်ယောက် ဖြစ်ပါတယ်။ မယ်အမေရိက ဆုရှင်
ဟာ ခရိုအေးရှား နွယ်ဖွား အမေရိကန် သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

မယ်အမေရိက အဖြစ် ဆု ပေးအပ်ဖို့ အတွက် မယ်နီဘရာစကာ ကို ၀ီကီလိခ် နဲ့ ပတ်သက်ပြီး မေးမြန်း
ရာမှာ တော့ သူမက ” ဒါဟာ တကယ်ကို့ ပဲ သူလျှို လုပ်ငန်း ကို အခြေခံတာပါ။ နိုင်ငံရဲ့  လုံခြုံရေးကို
လည်း ထိပါးရာ ကျပါတယ်။ နိုင်ငံရဲ့ လုံခြုံရေး က ပထမ ဦးစားပေး ဖြစ်ပြီးတော့ နောက် မှ ပြည်သူ
တွေ သိဖို့ ပဲ ဖြစ်သင့်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထရီဇာ စကာလန် ဟာ ပညာသင်ဆု ဒေါ်လာ ငါးသောင်းရရှိမှာ မှဖြစ်ပြီး အခြား ကုမ္ပဏီ ကပေး တဲ့
ဆုတွေ လည်းရရှိမှာ ဖြစ်ပါတယ်။
ဆုတွေ လည်းရရှိမှာ ဖြစ်ပါတယ်။
No comments:
Post a Comment