WELCOME TO BLESSING POWAH FAMILY
Wednesday, 30 November 2011
ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသော ဇနီးကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့်ခင်ပွန်းအား ထောင်ဆယ်နှစ် ပြစ်ဒဏ်ချမှတ်
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသည့် ဇနီးဖြစ်သူကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့် ခင်ပွန်းဖြစ်သူကို တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂.၁.၂၀၀၉ ရက်နေ့ သန်းခေါင်းကျော် ည ၁ နာရီခွဲ အချိန်က မာန်အောင်မြို့နယ် သစ်ပုံစု ကျေးရွာတွင် ဦးဂေါင်းပြောင် ၅၆ နှစ်၏ နေအိမ်၌ လွန်ခဲ့သော ခုနှစ်ရက်ခန့်က ပန်းသေရောဂါ ကုသရန် ရောက်ရှိနေသော မာန်အောင်မြို့နယ် ငရုပ်တောင် ကျေးရွာနေ လုပ်ယာ လုပ်ကိုင်စားသောက်သူ မောင်သန်းတင် ၃၇ နှစ်က ၄င်း၏  ဇနီးဖြစ်သူ မတင်ညွန့်(၃၄) နှစ်၏ ဆွဲကြိုးကို ငွေကျပ် တစ်သိန်းဖြင့် ပေါင်ခိုင်းခဲ့ရာ ဇနီးဖြစ်သူ မတင်ညွန့်က ငွေကျပ် ငါးသောင်းဖြင့်သာ ပေါင်ခဲ့၍ မကျေမနပ်ဖြစ်ကာ စကားများပြီး ဓါးဖြင့် ခုတ်ခဲ့ရာ မတင်ညွန့်၏ လည်ပင်း ယာဘက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။
အမှုစစ်စခန်းမှူး ရဲအုပ်သန်းအောင် နှင့် အဖွဲ့က လူသတ်မှု ကျူးလွန်သူအား လိုက်လံရှာဖွေ ဖမ်းဆီးစဉ် မာန်အောင်ရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ၀င်လွင်နှင့် အဖွဲ့တို့က ထပ်မံပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ ၂.၁၂.၂၀၀၉ နေ့ နံနက်တွင် တရားခံ ကို လက်ရ ဖမ်းဆီး မိခဲ့သည်။ လူသတ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းကိုပါ သိမ်းဆည်း နိုင်ခဲ့သဖြင့် အမှုစစ် စခန်းမှုး ရဲအုပ်သန်းအောင်က အမှုကို ခိုင်မာစွာ တည်ဆောက်လျက် ရဲစခန်း စွဲချက်အမှတ် ၁၁၃/၂၀၀၉ ပြစ်မှု ပုဒ်မအမှတ် ၃၀၂ ဖြင့် ၂၉.၁၂.၂၀၀၉ နေ့က ကျောက်ဖြူခရိုင် တရားရုံးသို့ တင်ပို့ခဲ့ရာ ၂၄.၈.၂၀၁၀ နေ့တွင် တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တရားခံ သန်းတင်အား ပြစ်မှုပုဒ်မအမှတ် ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
Tuesday, 29 November 2011
အီရန် ဒုံးလက်နက်တပ်ဖွဲ့ စတင်တည်ထောင်ခဲ့သူ ၀ါရင့်ဗိုလ်ချုပ်တစ်ဦး ဗုံးပေါက်ကွဲမှုတွင် သေဆုံး
ခင်အောင် ဘာသာပြန်သည်။
 အီရန်နိုင်ငံ၏ လက်ရွေးစင် တော်လှန်ရေးအစောင့်တပ် တပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သော မတော်တဆ လက်နက် ပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့သူများတွင် အီရန် အမြောက်ကြီး များနှင့် ဒုံးလက်နက် တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ၀ါရင့် ဗိုလ်ချုပ်တစ်ဦး ပါဝင်သွားကြောင်း အဆိုပါတော်လှန်ရေးတပ်ဖွဲ့က တနင်္ဂ နွေနေ့တွင်ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။
ဗိုလ်ချုပ် ဟတ်ဆန်မိုကတ်ဒမ်သည် တော်လှန်ရေး အစောင့်တပ်ဖွဲ့ အတွက် လက်နက်ကြီးနှင့် ဒုံးလက်နက်များ ပြည်တွင်း၌ လုံလုံ လောက်လောက် ရရှိရေးအတွက် ထုတ်လုပ်မှု သုတေသန အစီအစဉ်ကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း ယင်းတပ်ဖွဲ့မဖွဲ့စည်းမီက ၁၉၈၀ ပြည့်လွန် နှစ်တွေမှာ ဖြစ်ပွားခဲ့သော အီရန်-အီရတ်စစ်ပွဲများအတွင်း လက်နက်ကြီး ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်ခဲ့ကြောင်း တေရန်အရာရှိများမှ ရရှိသော သတင်းအချက်အလက်အရ သိရှိရသည်။
တေရန်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ဘစ်ဒ်ဂါနေးဒေသ တွင်ရှိသည့် စစ်အခြေခံစခန်းတစ်ခုကို ပွင့်ထွက်သွားစေသော အီရန်က မတော် တဆဖြစ်မှုလို့ပြောခဲ့သည့် စနေနေ့ ပေါက်ကွဲမှုကြောင့် အဆိုပါတော်လှန် ရေးအစောင့်တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၁၉၇၉ ခုနှစ် အစ္စလမ္မစ် တော်လှန် ရေးဖြစ်ပေါ်ခဲ့ပြီးနောက် တည်ထောင်ခဲ့သော တော်လှန်ရေးအစောင့်တပ်ဖွဲ့ သည် အီရန်၏ ဒုံးလက်နက်ထုတ်လုပ် ရေးအစီအစဉ်ကို ဦးစီးလုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့ ထုတ်လုပ်ခဲ့သော Shahab-3 ဒုံး လက်နက်သည် မိုင် ၁,၂၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး အစ္စရေးနိုင်ငံကို ထိမှန်နိုင်စွမ်းရှိကြောင်း သိရသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရတ်က လူအများ သေကျေ ပျက်စီးခဲ့သော အဆိုပါလက်နက်ပေါက် ကွဲမှုဖြစ်ခဲ့ခြင်းအတွက် ၀မ်းသာအားရ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းပေါက် ကွဲမှုမျိုးများ ထပ်မံဖြစ်ပွားရန်မျှော်လင့် ကြောင်း ပြောကြားလိုက်သည်။
တိုင်း(မ်)မဂ္ဂဇင်းက မည်သူမည်ဝါဟု ခွဲခြားထုတ်ဖော်ခြင်းမရှိသော အနောက် တိုင်းထောက်လှမ်းရေး သတင်းအခြေခံ တစ်ရပ်ကို ကိုးကားပြီး အဆိုပါပေါက်ကွဲ မှုသည် အစ္စရေးထောက်လှမ်းရေး အေဂျင်စီ မော့ဆက်၏လက်ချက်ဖြစ် ကြောင်း နိုဝင်ဘာလ ၁၄ ရက်က ရေးသားလိုက်သည်။
စနေနေ့က ပေါက်ကွဲမှုမှာ ကုလသမဂ္ဂ ၏ နျူကလီးယားစောင့်ကြည့် လေ့လာရေးအဖွဲ့က တေရန်သည် တာလတ် ပစ်ဒုံးပျံများ၏ ထိပ်ဖူးတွင်တပ်ဆင်ရန် နျူကလီးယားလက်နက် ထိပ်ဖူးများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။
ကဒါဖီ၏သား ဆေ့ဖ်ကိုဖမ်းမိပြီ
ကိုကို ဘာသာပြန်သည်။
သေဆုံးသွားပြီဖြစ်သော လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ၏သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေသော ဆေ့ဖ်အယ်လ်အစ္စလမ်ကို သုံးလကြာ အောင် လိုက်လံရှာဖွေနေခဲ့ရာမှ ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် အဗ္ဗဒဲလ်ရာဟင်ဒယ်တစ်က နိုဝင်ဘာလ ၁၉ ရက်က ကြေညာသည်။
လစ်ဗျားနိုင်ငံတောင်ပိုင်းတွင် ဆေ့ဖ်နှင့် အပေါင်းအပါငါးဦးတို့ကို မော်တော်ယာဉ်နှစ်စီးပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
"သူတို့ကို အငိုက်ဖမ်းလိုက်မိတာပါ။ သူတို့ခုခံချိန် မရလိုက်ပါဘူး။ ပထမတော့ သူတို့ကို ပစ်မှာစိုးပုံရတယ်။ ဒါပေမယ့် ဆေ့ဖ်အယ်လ် အစ္စလမ်ရဲ့ သတ္တိနဲ့ တည်ငြိမ်မှုကိုတော့ ကျွန်တော်တို့ ၀န်ခံကြရမှာပါပဲ။ သူ တကယ့်ကို ကြောက်ပုံမရပါဘူး"ဟု သူတို့ကိုဖမ်းဆီးရမိသော ဇင်တန် ပြည်သူ့စစ်တပ်ဖွဲ့မှ အာမက် အမ္မာက ပြောပြသည်။
ဆေ့ဖ်နှင့် သူ့လူငါးဦးတို့တွင် ကာလက်ရှ်နီကော့ဖ် အပေါ့စားမောင်းပြန် ရိုင်ဖယ်နှင့် လက်ပစ်ဗုံးအချို့မှလွဲ၍ အခြား မည်သည့်လက်နက်မျှ မပါဝင်ကြပေ။
တစ်ချိန်က ကဒါဖီ၏ အရိုက်အရာကို ဆက်ခံမည့်သားဟု လူသိများ ခဲ့သော ဆေ့ဖ်အယ်လ်အစ္စလမ်နှင့် အပေါင်းအပါငါးဦးကို လစ်ဗျားနိုင်ငံ၏ ဝေးကွာလှမ်းသော ဆာဟာရသဲကန္တာရ တောင်ပိုင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်စောစောတွင် ဇင်တန်ပြည်သူ့စစ်များ အကွက် ဆင်ထားသော ထောင်ချောက်ထဲ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဇင်တန်ပြည်သူ့စစ်များသည် လစ်ဗျား ယာယီကြားဖြတ်အစိုးရသစ်ကို ထောက်ခံသူများဖြစ်သည်။ ထရီပိုလီမြို့တော်၏ အနောက် တောင်ဘက် မိုင် ၁၁၀ အကွာရှိ ဇင်တန် မြို့သို့ ဆေ့ဖ်ကို ခေါ်သွားစဉ် ဆေ့ဖ်က သူ့အားဖမ်းဆီးထားသူများအား သူ၏ ဦးခေါင်းကို သေနတ်နှင့်ပစ်သတ်ရန် တောင်းဆိုခဲ့သည်ဟုဆိုသည်။
ကဒါဖီ ၏သားဖြစ်သူ ဆေ့ဖ်သည် ဖေဖော်ဝါရီ လအတွင်းကပင် နောက်ဆုံးကျည် တစ်တောင့်တည်း ကျန်သည်အထိ ခုခံသွားမည်ဟု ပြောခဲ့သူဖြစ်သည်။
ဆေ့ဖ်ကို ဇင်တန်မြို့ အကျဉ်းထောင် သို့ ခေါ်ဆောင်သွားစဉ် ဒေါသထွက် နေသော လူအုပ်ကြီးက သူ့အား ၀ိုင်းကြည့်နေကြသည်ကို ဗီဒီယိုရိုက်ကူးမှု၌ တွေ့မြင်ရသော်လည်း လွန်ခဲ့သောလအတွင်း သူ့ဖခင် ကဒါဖီအဖမ်းခံရ စဉ် လူတွေက ရက်ရက်စက်စက်ဝိုင်း၍ အမဲဖျက်ကြသည့် ရက်စက်မှုမျိုးကိုမူ ယခုတစ်ကြိမ်တွင် ခွင့်မပြုခဲ့ချေ။
လစ်ဗျားနိုင်ငံတောင်ပိုင်း နိုက်ဂျာ နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့နှင့် နယ်စပ် လမ်းကြောင်းများကို ပိတ်ဆို့ ရန်အတွက် သူ၏ ပြည်သူ့စစ်တပ်ဖွဲ့ကို ဇင်တန် မြို့မှ စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်ဖွဲ့ခေါင်းဆောင် အမ္မာကပြောသည်။
ဒေသခံ တာဂူအန် မျိုးနွယ်စုများနှင့် ဇင်တန် တိုက်ခိုက်ရေးသမားများသည် နိုက်ဂျာနိုင်ငံသို့ ကားဖြင့်ထွက်ပြေးရန် ကြိုးစားသည့် ဆေ့ဖ်တို့လူစုကို ကြားဖြတ် ချုံခို ဖမ်းဆီးလိုက်နိုင်ခြင်းဖြစ်သည်။ ဆေ့ဖ်အဖွဲ့ထဲမှ တစ်ဦးက သတင်းပေး ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆေ့ဖ် အယ်လ်အစ္စလမ်ကို နိုဝင်ဘာလ ၁၉ ရက် ဒေသစံတော်ချိန် သန်းခေါင်ကျော် မနက် ၁ နာရီ ၃၀ မိနစ်တွင် လစ်ဗျား နိုင်ငံ တောင်ပိုင်း အော်ဘာရီအနီး ၀ါဒီ အယ်လ်-အဂျားလ် ခရိုင်ထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၁၉ ရက်နေ့ က လစ်ဗျား တီဗီချန်နယ်မှ ထုတ်လွှင့် ပြသရာတွင် ဆေ့ဖ်ကို မုတ်ဆိတ်မွေး ထူလပျစ်နှင့် ခုတင်တစ်ခုအစွန်းတွင် မှီထိုင်နေသည်။ ညာဘက်လက်မှ လက်ချောင်းလေး သုံးခုကို ပတ်တီး စည်းထားသည်။
သူ့ခြေထောက်များကို စောင်ခြုံထားသည်ကို တွေ့မြင်ကြရ သည်။ ဆေ့ဖ်၏ ဒဏ်ရာများမှာ နေတိုး လေကြောင်းမှ တိုက်ခိုက်ခံရစဉ် အတွင်း ရရှိခဲ့သော ဒဏ်ရာများဖြစ်သည်။
ကဒါဖီ ၏သားဖြစ်သူ ဆေ့ဖ်သည် ရည်ရည် မွန်မွန်နှင့် လူရည်ဝသူတစ်ဦးဖြစ်ပြီး ယခင်က ဆံမုတ်ဆိတ်များကို သန့်ရှင်း သပ်ရပ်စွာ အပြောင်ရိပ်ထားသူဖြစ်သည်။
သူ့ဖခင်အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် ရှုမြင်ထားကြပြီး ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်မည့် ပညာတတ်တစ်ဦးအဖြစ် မျှော်လင့်ထား ခဲ့ကြသည်။
သို့သော် အာရပ်နွေဦး တော်လှန်ရေးများ ဖြစ်ပေါ်လာသောအခါ ဆန္ဒပြသူများကို ရက်ရက်စက်စက်နှိမ်နင်းခဲ့ရာတွင် တက်တက်ကြွကြွ ပါဝင် လုပ်ဆောင်ခဲ့သူ ဖြစ်လာခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီစီ)က ဇွန်လ ၂၇ ရက်နေ့တွင် ဗိုလ်မှူးကြီး ကဒါဖီ၊ သူ့သား ဆေ့ဖ်နှင့် ကဒါဖီ၏ ထောက်လှမ်းရေး အကြီးအကဲ အဗ္ဗဒူလာ အယ်ဆီနူဆီတို့ကို ဆန္ဒပြသူများအပေါ် နှိမ်နင်းရာတွင် လူသားများအပေါ်ကျူး လွန်သော ရာဇ၀တ်မှုဖြင့် စွဲချက်တင်ပြီး အလိုရှိကြောင်း ထုတ်ပြန်ထားသည်။
ယခုအခါ ဖမ်းဆီးရမိထားသော ဆေ့ဖ်ကို ဥပဒေကြောင်းအရ တရားစွဲ ဆိုရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီစီ)နှင့် ပူးပေါင်း၍ တရားမျှတစွာ လုပ်ဆောင်ရန် အင်အားကြီးနိုင်ငံများက လစ်ဗျားကြားဖြတ် အင်န်တီစီ အစိုးရကို တိုက်တွန်းထားသည်။
အာဏာရှင် မိုမာကဒါဖီ၏ ထောက် လှမ်းရေးမှူး အဗ္ဗဒူလာဆီနျူဆီကိုလည်း နိုဝင်ဘာလ ၂၀ ရက်တွင် ဖမ်းဆီးရမိ ထားကြောင်း လစ်ဗျားအရာရှိများက ကြေညာသည်။
ကမ္ဘာ့နိုင်ငံများထံမှ ဖိအားပေးတောင်းဆို နေမှုများကို လျစ်လျူရှုကာ လစ်ဗျား ကြားဖြတ်အစိုးရ သည် ကဒါဖီ၏သား ဆေ့ဖ် အယ်လ်အစ္စလမ်ကို သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီစီ) လက်သို့မအပ်ဘဲ လစ်ဗျားနိုင်ငံအတွင်း၌သာ စစ်ဆေး အရးယူမည်ဟု ကြေညာထားသည်။
၃၉ နှစ်အရွယ် ဆေ့ဖ်ကို အိုင်စီစီက ဆန္ဒပြသမားများအပေါ် ရက်စက်စွာ ကိုင်တွယ်မှုကြောင့် လူသားအပေါ် ကျူးလွန်သော ရာဇ၀တ် မှုဖြင့် အလိုရှိ ကြောင်း ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားခဲ့သည်။
Sunday, 27 November 2011
ဝီကီလိခ် မေးခွန်း ကို ဖြေဆိုနိုင် ၍ မယ်အမေရိက အဖြစ် မယ် နီဘရာစကာ ဆွတ်ခူး
ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ထရီဇာ စကာလန် က ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်
ထရီဇာ ဆုရရှိခြင်းဟာ ဟာ အမေရိကန် အလယ်ပိုင်းက နီဘရာစကား ပြ
ည်နယ်ကိုယ်စားပြု
ပြီး ပထမ ဦးဆုံး အကြိမ် ဆုရရှိခဲ့ခြင်း ဖြစ်ပါတယ်။
မယ်အမေရိက ကို ၁၉၂၁ ခုနှစ် ကတည်းက ကျင်းပ ခဲ့တာ ဖြစ်ပြီးအခု ဆိုရင် အကြိမ် ၉၀ မြောက် ရှိ
ပြီ ဖြစ်ပါတယ်။ မယ်အမေရိက ပြိုင်ပွဲ ကို ဒီနှစ်မှာ နီဗားဒါး ပြည်နယ် လာစ်ဗီဂတ်(စ) က Planet
Hollywood Casino Resort မှာ  ကျင်းပတာ ဖြစ်ပါတယ်။
မယ်အမေရိက ဆုရှင် ထရီဇာ ဟာ စန္ဒယား ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သလို၊ဘဲလေး အက ၊ရေခဲ
ပြင် လျှောစီး အက တွေကိုလည်း ကျွမ်းကျင် သူ တစ်ယောက် ဖြစ်ပါတယ်။ မယ်အမေရိက ဆုရှင်
ဟာ ခရိုအေးရှား နွယ်ဖွား အမေရိကန် သူ တစ်ယောက် လည်း ဖြစ်ပါတယ်။
MISS OKLAHOMA
မယ်အမေရိက အဖြစ် ဆု ပေးအပ်ဖို့ အတွက် မယ်နီဘရာစကာ ကို ၀ီကီလိခ် နဲ့ ပတ်သက်ပြီး မေးမြန်း
ရာမှာ တော့ သူမက ” ဒါဟာ တကယ်ကို့ ပဲ သူလျှို လုပ်ငန်း ကို အခြေခံတာပါ။ နိုင်ငံရဲ့ လုံခြုံရေးကို
တွေ သိဖို့ ပဲ ဖြစ်သင့်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ထရီဇာ စကာလန် ဟာ ပညာသင်ဆု ဒေါ်လာ ငါးသောင်းရရှိမှာ မှဖြစ်ပြီး အခြား ကုမ္ပဏီ ကပေး တဲ့
ဆုတွေ လည်းရရှိမှာ ဖြစ်ပါတယ်။
ကလင်တန် : စီးပွားရေး ပိတ်ဆို့ မှု ရုပ်သိမ်း ပေးအုံးမည် မဟုတ်
burma_hillary_clinton_obama_2011_11_23
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အနေဖြင့်
မြန်မာ နိုင်ငံ သို့ လာရောက်ပတ် မည် ဟု ဆိုသော် လည်း အမေရိကန် က အရေးယူ ဒဏ်ခတ်
ထား သည့် စီးပွားရေး ပိတ်ဆို့  မှု ကို ပြန်လည် ဖယ်ရှား ရေး မှာ သူ့  ခရီး စဉ် တွင် မပါဝင် ဟု
ယနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်း ပွဲ တွင် သတင်း ထောက် များ ကို ပြောကြား လိုက်သည်။
အိမ်ဖြူတော် ပြောခွင့် ရ ပုဂ္ဂိုလ် က ဟီလာရီ ကလင်တန် ၏ မြန်မာ ပြည် ခရီး စဉ် နှင့် ပတ် သက်
ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ရာ တွင် မြန်မာ အစိုးရ အနေဖြင့် စီးပွားရေး ပိတ် ဆို့  မှု ရုပ်သိမ်း
ရန် အလို့ ငှာ လူ့  အခွင့် အရေး အခြေ အနေ များ ယခု ထက် ပိုမို ကောင်း မွန် ရန် လို အပ် သည်
ဟု  ထည့်သွင်း သတိပေး  ပြောကြား ခဲ့ သည်။
မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ကလင်တန် ၏ ခရီး စဉ် ကို ကြို ဆို သည် ဟု ဘာ
လီ တွင် မြန်မာ သတင်း ထောက်များ ကို မပြော ဘဲ နိုင်ငံခြား သတင်း ထောက် များ ကို ပြော
ကြား ခဲ့ သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ၏ ခရီးစဉ် သည် နှစ် ၅၀ အတွင်း အမေ
ရိကန် အစိုးရ အဖွဲ့  အတွင်း မှ ပထမ ဦးဆုံး သော အဆင့် မြင့် ခေါင်းဆောင် တစ်ဦး ၏ ခရီးစဉ်
ဖြစ်သည်။
ဝန်ကြီး ကလင်တန် မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် ချိန် တွင် တရုတ် – မြန်မာ နယ်စပ်ဉ်
လုံခြုံရေး တိုးမြှင့် ချထား မည် ဖြစ်ပြီး ရန်ကုန် မြို့  ရှိ တရုတ် လူမျိုး နေအိမ် များ ကို လည်း စောင့်
ကြည့် မှု များ ပြု ရန် အထက် က ညွှန်ကြား ထား ကြောင်း လသာ မြို့ နယ် ရဲစခန်း မှာ တာဝန် ကျ
ဒုရဲ အုပ် တစ်ဦး က FNG သို့  ပြောသည်။
အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန် ၏ ဇနီး ဖြစ် သူ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီ
လာရီ ကလင်တန် မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နှင့် လည်း တွေ့ 
ဆုံ မည် ဖြစ်သည်။
ခင်ပွန်း ကို သတ်ပြီး၊ ချက်စား ရန် စီစဉ် သည့် ပါကစ္စတန် အမျိုးသမီး ရဲက ဖမ်းဆီးရမိ
pak         ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါး
များ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ က
ဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN  ရုပ်သံ
သတင်းတွင်ထုတ် လွှင့် သွား သည်။
အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇
နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစီ  သောကြောင့်
သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။
သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေ
ချိန် ရောက် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲ
များ ကို အစစ်ခံသည်။
သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်း
ဆီးထား သည် ဟု သိရသည်။
သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်
အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်း
ဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။
ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများ
ထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသား
တုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။
ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။
ခင်ပွန်း ကို သတ်ပြီး ချက် စား သူ ဇိနတ်ဘီဘီ
Follow