Showing posts with label myanmar foot ball. Show all posts
Showing posts with label myanmar foot ball. Show all posts
Monday, 21 November 2011
၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပမြန်မာဘောလုံး အသင်းဆီမီးဖိုင်နယ်
၂၆ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ၁၁-၁၁-၂ဝ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ပါလမ်ဘန်းမြို့ရှိ ဂျီလိုရာခဝရီဝီလျာကွင်းကြီး၌ ကျင်းပခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းကုန်ကျခဲ့ပြီး အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၁၂ဝဝဝ ကျော်လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု (ခ) တွင် လေးပွဲကစားပြီး တစ်ပွဲသရေ သုံးပွဲအနိုင် ရမှတ် ၁ဝ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ အုပ်စုထိပ်ဆုံး၌ ရပ်တည်နေသည့် ဗီယက်နမ်ဘောလုံးအသင်းသည် မြန်မာဘောလုံးအသင်းနှင့် အမှတ်တူ ဂိုးနှစ်ဂိုးကွာခြားသည့်အတွက် နောက်ဆုံးပွဲစဉ်ကို မြန်မာအသင်းဂိုးအများဖြင့် နိုင်မှသာ အုပ်စုဗိုလ်အဖြစ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အင်ဒိုသမ္မတယူဒိုယိုနို ရေးစပ်ထားသည့် " Together We Can Give '' သီချင်းဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Comments (Atom)
