WELCOME TO BLESSING POWAH FAMILY
Showing posts with label ship. Show all posts
Showing posts with label ship. Show all posts

Tuesday, 8 November 2011

ဖိလစ်ပိုင် တွင် ပနားမား ကုန်တင်သင်္ဘော တိမ်းမှောက်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အိုင်လိုကို့စ် ပြည်နယ် အနီးမှာ ပြီးခဲ့တဲ့ သောကြာနေ့ ညက ပနားမား ကုန်တင် သင်္ဘော တစ်စီး တိမ်းမှောက် သွားခဲ့ပြီး လူ(၂၀)ဦး
ပျောက်ဆုံးလျက် ရှိတယ်လို့ သိရပါသည်။ အဆိုပါ သင်္ဘော တိမ်းမှောက် မှုကို ဟောင်ကောင် ရေကြောင်း ကယ်ဆယ်ရေး စင်တာက အရင်ဆုံး သိရှိခဲ့ပြီးနောက် ဖိလစ်ပိုင် ကမ်းခြေေ စာင့် တပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာ
ဖြစ်ပါသည်။
အဲဒီ ကုန်တင် သင်္ဘောဟာ ရှန်ဟိုင်း ဆိပ်ကမ်းကနေ ထွက်ခွါလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဇမ်ဘာလီ ပြည်နယ်ရှိ ဆူဘစ် ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်း နေခဲ့တာ ဖြစ်ပါသည်။ ဒီသင်္ဘောဟာ ပုဂ္ဂလိက တစ်ဦးတည်းပိုင် ဒါမှမဟုတ်၊ အဖွဲ့အစည်းပိုင်လား ဆိုတာကိုတော့ မသိ ရသေးပါဘူး။ သင်္ဘော နစ်မြုပ်ရာ နေရာကို ရဟတ်ယာဉ်(၂)စီး ၊ ရှာဖွေရေး သင်္ဘော(၁)စီး နဲ့အတူ ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ပေး ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောကြားခဲ့ ပါသည်။ အခုအခါ သင်္ဘောတိမ်း မှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ဆက်လက် ရှာဖွေလျက် ရှိတယ်လို့ သိရှိရပါသည်။