WELCOME TO BLESSING POWAH FAMILY
Showing posts with label New Camera. Show all posts
Showing posts with label New Camera. Show all posts

Friday, 7 October 2011

အဝေးထိန်းခလုတ်ဖြင့် လေထဲတွင်မှတ်တမ်းတင်နိုင်သော Video Camera

တရုတ်နိုင်ငံမှ လူတစ်ဦးဟာ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုမှာ ဗီဒီယို ကင်မရာကို အဝေးထိန်းချူပ်မှု့စနစ်ဖြင့် အပေါ်သို့ ပျံတက်နိုင်အောင် တီထွင်ပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ Wuhan ဒေသမှာနေတဲ့ Lao Wu ဟာ မင်္ဂလာပွဲမှာ ထိုကဲ့သို့ အဝေးထိန်းစနစ်ဖြင့် မိုးပျံကင်မရာကို တရုတ်ယွမ်ငွေ ၃ သောင်း ခန့်အကုန်ခံပြီး တီထွင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုမိုးပျံ ကင်မရာ ယာဉ်ငယ်ကို UFO လို့နာမည်ပေးထားပြီး ထိုယာဉ်ငယ်မှာ မြေပေါ်သို့ဆင်းသက်နိုင်ရန်အတွက်လည်း ခြေထောက် (ဒေါက်)လေးခြောင်းပါရှိပါတယ်။ အသက် ၂ဝ ကျော်ရှိပြီဖြစ်တဲ့ Lao Wu ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အင်တာနက်ထဲမှာ နိုင်ငံခြားမှ ပန်းကန်ပြားပျံများကို တီထွင်ပြုလုပ်တောမယ်ဆိုတဲ့ အကြောင်းကို ဖတ်ပြီးကတည်းက ထိုကဲ့သိုပြုလုပ်ရန် အိုင်ဒီယာ ရခဲ့ခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။ ပထမတော့ ရိုက်ကူးရရှိတဲ့ ဗီဒီယို ဟာတုန်ပြီးကြည့်မကောင်းပါဘူး နောက်ပိုင်းမှာတော့ ရှော့ဘာ ကိုထည့်ပြီးအသုံးပြုမှ အဆင်ပြေသွားခြင်းဖြစ်ပါတယ်။ ထို ပျံသန်းပြီး ဗီဒီယို ရိုက်ကူးနိုင်တဲ့ ယာဉ်ငယ်ဟာ အလွန်ကိုအဆင်ပြေပြီး မိမိ လိုခြင်တဲ့ ဒေါင့်ပေါင်းစုံက နေ လိုသလို အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ်ပြီး လိုသလိုပြုလုပ်နိုင်ပါတယ်။ ကြိုးမဲ့ မော်နီတာကိုလည်း လက်မှာ ကိုင်ထားပြီး ကြည့်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
copy by multavitarmin