WELCOME TO BLESSING POWAH FAMILY

Tuesday, 8 November 2011

ဖိလစ်ပိုင် တွင် ပနားမား ကုန်တင်သင်္ဘော တိမ်းမှောက်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အိုင်လိုကို့စ် ပြည်နယ် အနီးမှာ ပြီးခဲ့တဲ့ သောကြာနေ့ ညက ပနားမား ကုန်တင် သင်္ဘော တစ်စီး တိမ်းမှောက် သွားခဲ့ပြီး လူ(၂၀)ဦး
ပျောက်ဆုံးလျက် ရှိတယ်လို့ သိရပါသည်။ အဆိုပါ သင်္ဘော တိမ်းမှောက် မှုကို ဟောင်ကောင် ရေကြောင်း ကယ်ဆယ်ရေး စင်တာက အရင်ဆုံး သိရှိခဲ့ပြီးနောက် ဖိလစ်ပိုင် ကမ်းခြေေ စာင့် တပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာ
ဖြစ်ပါသည်။
အဲဒီ ကုန်တင် သင်္ဘောဟာ ရှန်ဟိုင်း ဆိပ်ကမ်းကနေ ထွက်ခွါလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ဇမ်ဘာလီ ပြည်နယ်ရှိ ဆူဘစ် ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်း နေခဲ့တာ ဖြစ်ပါသည်။ ဒီသင်္ဘောဟာ ပုဂ္ဂလိက တစ်ဦးတည်းပိုင် ဒါမှမဟုတ်၊ အဖွဲ့အစည်းပိုင်လား ဆိုတာကိုတော့ မသိ ရသေးပါဘူး။ သင်္ဘော နစ်မြုပ်ရာ နေရာကို ရဟတ်ယာဉ်(၂)စီး ၊ ရှာဖွေရေး သင်္ဘော(၁)စီး နဲ့အတူ ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ပေး ခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောကြားခဲ့ ပါသည်။ အခုအခါ သင်္ဘောတိမ်း မှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ဆက်လက် ရှာဖွေလျက် ရှိတယ်လို့ သိရှိရပါသည်။

မိုက်ကယ်ဂျက်ဆင် သေဆုံးမှုတွင် ဆရာဝန်ဖြစ်သူ အပြစ်ရှိကြောင်း ဆုံးဖြတ်

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့ရသည့် ကမ္ဘာသိ အဆိုရှင် မိုက်ကယ်ဂျက်ဆင်၏ အမှုနှင့်ပတ်သက်ပြီး အမေရိကန်ရှိ တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်ကာ ၎င်း၏ ဆရာဝန်ဖြစ်သူ ကွန်းနာဒ်မူရေးအား အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ စုစုပေါင်း ဂျူရီ လူကြီး ၁၂ ဦး ပါဝင်သည့် အဖွဲ့မှာ လွန်ခဲ့သည့် တနင်္လာနေ့က လော့စ်အိန်ဂျယ်လိတရားရုံးတွင်
ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
မူရေးမှာ မိုက်ကယ်ဂျက်ဆင်၏ သေဆုံးမှုတွင် ခွဲစိပ်မှုတွင် သုံးသည့် အိပ်ဆေး တစ်မျိုးအား သေစေနိုင်သည့်
ဆေးအချိန် ပမာဏကို ထိုးပေးခဲ့ခြင်းဖြင့် သေဆုံးစေခဲ့ရခြင်း ဖြစ်သည်ဟု ဆုံးဖြတ် လိုက်ခြင်းပင် ဖြစ်သည်။ မူရေးမှာ ယခုလို ဆုံးဖြတ်ချက် နှင့်အတူ တရားရုံးအတွင်းတွင် အထိမ်းအသိမ်း ခံထားရပြီး လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့ မတိုင်မီ အပြီးသတ် ပြစ်ဒဏ် မချမှတ်မီ ကာလအထိ အာမခံမရဘဲ အချုပ်တွင်သာ နေထိုင်ရမည် ဖြစ်သည်။ ယခုလို ဆုံးဖြတ်ချက်နှင့်အတူ မူရေးအနေဖြင့် ထောင်ဒဏ် လေးနှစ်
အထိ ကျခံရနိုင်ပြီး ဆရာဝန်လက်မှတ်လည်း အသိမ်းခံရမည် ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် စက်တင်ဘာလ ကပင် စတင်ခဲ့သည့် တရား ရင်ဆိုင်ရမှုများတွင် တရားလို သက်သေနှင့် တရားခံဘက်မှ သက်သေပေါင်း ၄၉ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မူရေးမှ မည်သည့် ဝေဖန်ချက်မှ ပေးခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

Friday, 4 November 2011

karen newyears song




OpenDrive audio player








opendrive